စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာပေရေးရာဆွေးနွေးပွဲကျင်းပ

ညောင်ဦး  မတ် ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူ များအသင်း Book Club ၏စာပေရေးရာဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီခွဲအချိန်က စာပေ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါစာပေရေးရာဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင် မစုမြတ်မွန်၊ ညောင်ဦးခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်တို့ကအမှာစကားပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူ အသင်းဝင်များက လူငယ်များအတွက် အတွေးအမြင်စာစုများဖြစ်တဲ့ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားသည့် အသိနှင့်ပညာစာအုပ်ပါ ခေါင်းစဉ်အပိုဒ်ခွဲအား စာအုပ်စာပေ ချစ်မြတ်နိုးသူများကဆွေးနွေးကြသည်။ထိုစာအုပ်တွင် မာတိကာပါ ခေါင်းစဉ်ခွဲ ၂၁ခုခွဲခြမ်းစိတ်ဖြာ ရေးသား ပါရှိပြီး စာမျက်နှာ ၂၀၃မျက်နှာပါရှိကြောင်းသိရသည်။

ကိုထိန်၊KPD