ဘုတ်ပြင်းမြို့တွင် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (တတိယအကြိမ်) ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးလျက်ရှိ

ဘုတ်ပြင်း   မတ်    ၉  

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့တွင် ဌာနဆိုင်ရာနိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တတိယအကြိမ် အဖြစ် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ကို ယမန်နေ့ နံနက်ပိုင်းတွင် ဆေးထိုးစုရပ်ဖြစ်သည့် မြို့ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနရုံးတွင် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများအား ထိုးနှံပေးခဲ့သည်။
ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးခြင်းကို ဒုတိယကြိမ်ကာကွယ်ဆေးထိုးနှံပြီး (၆)လနှင့်အထက်ရှိသူ အသက် (၅၀)အောက်နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ အသက်(၆၅) နှစ်နှင့်အထက်နှင့် ဦးတည်အုပ်စုဝင် အများပြည်သူများအား ဆက်လက်ထိုးနှံပေးသွား မည်ဖြစ် ကြောင်း သိရှိရသည်။

ဖြူဖြူသိန်း