ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို Mobile စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ဆက်လက် ထိုးနှံပေး

ပုလော  မတ်လ 

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိ နေသူများအား ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့  နံနက်()နာရီခွဲက ပုလောမြို့ အမှတ်()ရပ်ကွက် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးကို Mobile စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ပုလော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့၀င်များ ကြီးကြပ်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ ၀န်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ကြက်ခြေနီ အသင်းနှင့် မေတ္တာရှင် ပရဟိတ အသင်းမှ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ပုလောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး မြို့နယ်အတွင်း လွှမ်းခြုံနိုင်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက် () ရပ်ကွက် ကို သတ်မှတ်ရက် များတွင် အိမ်တိုင် ရာရောက် Mobile စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က္ကဋ္ဌက ပြောကြား ခဲ့သည်။

အေးအေးမော်(ပုလော)