ကျောက်ဆည် မတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငပြောင်မြောင်းမှ သီးနှံမျိုးစုံ(၂၈၀)ဧက ရေပေးဝေ နေသည့် ရေပြွန်(၄)လုံး၊ ရေတံခါးအဆောက်အအုံနှင့် ရေတံများအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီး ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ရေပေးပြွန်(၄)လုံးသည် အာဒီ(၁၄+၁၄၆)နှင့် အာဒီ(၁၇+၁၅၀)အတွင်းမှ အရှည်(၂၀)ပေ၊ အကျယ်(၁၀)လက်မ ပြွန်(၂)လုံး၊ အရှည်ပေ(၂၀)၊ အကျယ်(၈)လက်မ ပြွန်(၁)လုံး၊ အရှည်(၂၀)ပေ၊ အကျယ် (၆)လက်မ ပြွန်(၁)လုံး စုစုပေါင်းရေပြွန်(၄)လုံးနှင့် အရှည်(၆)ပေ၊အကျယ်(၂)ပေခွဲ၊ အမြင့်(၆) ပေ ရေတံခါး အဆောက်အအုံ(၄)ခု၊ အလျား(၂)ပေ၊အနံ(၂)ပေ ရေတံခါး(၄)ချပ်၊ ပြွန်ထိပ် ဝဲ/ယာမြောင်း နှုတ်ခမ်းများတွင် အရှည်(၁၂)ပေ၊ထု(၂)ပေခွဲ၊အမြင့်(၆)ပေ ကျောက်သားစီခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းဖြစ် ကြောင်း သိရှိရသည်။
အဆိုပါ ငပြောင်ရေပေးဝေရေးမြောင်းမှ ရေပြွန်(၄)လုံးရေတံခါးအဆောက်အအုံ(၄)ခုနှင့်ရေတံခါးများ ပြန်လည်ပြုပြင်ပေးခြင်း ကြောင့် သီးနှံမျိုးစုံ(၂၈၀)ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် လိုအပ်သလို ထိန်းညှိပေးဝေနှိုင်တော့မည်ဖြစ်ပြီး ရေအလေ အလွင့်ဆုံးရှုံးမှုလျော့နည်းစေကာ လိုအပ်သည့် ရေပမာဏ ပြည်ဝ စွာပေးဝေနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)