ပလောက် မတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကြိုတင် ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် ပလောက်မြို့၊ တံတားထိပ်ရှိ ထားဝယ်-မြိတ်ကား လမ်းမကြီး၌ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ် များနှင့် ဆိုင်ကယ်များမှ လူမျိုး၊ ဘာသာမရွေး ခရီးသွားလာသူပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ် ရှိ/မရှိစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၇ နာရီခွဲ အချိန်ခန့်က အမှတ်(၁) ရပ်ကွက်၊တံတားထိပ်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ် ရေးမှူး ဦးဟိန်းမင်းအောင်နှင့် ဝန်ထမ်းများ၊ ပလောက်နယ်မြေရဲစခန်း၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများကကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးလက်မှတ်ရှိသူများ ကိုသာဖြတ်သန်းသွား လာခွင့်ပြုကြောင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသောခရီးသွားပြည်သူများကို အထိုင်ချစနစ်ဖြင့်ကာကွယ်ဆေးထိုးနှံပေးခဲ့ ကြောင်း သိရသည်။
နှင်းမြူလွင်