ပုလောမြို့နယ် တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်

ပုလော  မတ်  ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင်  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ထားဝယ်-မြိတ် ပြည်ထောင်စု ကားလမ်းမကြီး၌ ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များဖြင့် လူမျိုး၊ ဘာသာမရွေး ခရီးသွားလာသူ မိဘပြည်သူများ အားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး လက်မှတ် ရှိ/မရှိစစ်ဆေးခြင်းနှင့်ကာကွယ် ဆေးမထိုးနှံရသေးသော ပြည်သူများအား ကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်က ပုလောမြို့ တံတားထိပ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခြင်းကို ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့ဝင်များ၊ မီးသတ် ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့နှင့်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိသူများကိုသာ ဖြတ်သန်းသွားလာခွင့်ပြုကြောင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသူ ခရီးသွား ပြည်သူများကို အထိုင်ချစနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)