သံတောင်ကြီးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးငယ်များ(MCCT)အကျိုးခံစားခွင့်ရှိသူများအားထောက်ပံ့ငွေများပေးအပ်

သံတောင်ကြီး      မတ်    ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပထမသုံးလပတ် အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ (MCCT) အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်လူမှု ဝန်ထမ်း ဦးစီး ဌာနဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းက သံတောင်ကြီးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သံတာင်ကြီးမြို့ ရပ်ကွက်(၅)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၁၁)အုပ်စုရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ(MCCT) အကျိုးခံစားခွင့် ရှိသူ (၆၃၀)ဦးအတွက် ထောက်ပံ့ ငွေကျပ် (၂၆၂၀၅၀၀၀/-)ကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်ခင်ခင်ထွန်းမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဆင့်ထံပေးအပ်ခဲ့ပြီး မြို့နယ် အုပ်ချုပ် ရေးမှူး ဦးသိန်းဆင့်မှ သက်ဆိုင်(MCCT)အကျိုးခံစားခွင့်ရှိသူများထံ ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နော်နော်မူ