ကျုံပျော်မြို့ Community Centre ခန်းမတွင် စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ကျုံပျော် မတ်လ ၉

လူငယ်များ စာဖတ်ရှိန်မြင့်မား‌ရေး၊ အသိပညာဗဟုသုတ တိုးပွားစေရေးကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ဝိုင်း ဆွေး‌နွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် Youth Club အဖွဲ့ဝင်များက စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားသည့် "ပန်းလိုချင် အပင်ကို ပျိုးတတ်မှ"စာအုပ်ပါ ကလေးလူငယ် ပြုစုပျိုးထောင်နည်း အကြောင်းအရာများအား တစ်ဦးခြင်းဖတ်ကြားကာ၊ တက်ရောက်လာသူများက ဖတ်ကြားသည့် အကြောင်းအရာများအလိုက် အသီးသီးဆွေးနွေး၍ ဗဟုသုတ၊ အမြင်ခြင်းဖလှယ်ခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေဗဟုသုတ တိုးပွားရရှိ‌စေရန် စာကြည့်တိုက်ဖွင့်လှစ်၍ စာအုပ်စာစောင်များ ဌားရမ်း‌ဝန်‌ဆောင်မှုပေးခြင်း၊ ကလေးစာဖတ်ခန်း ဖွင့်လှစ်၍ ကလေးဘဝမှစ၍ စာ‌ပေဖတ်ရှုမှု အလေ့အကျင့်‌ကောင်းရရှိရန် ပျိုးထောင်ပေးခြင်းနှင့် ယခုကဲ့သို့ စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ကာ စာပေဗဟုသုတ တိုးပွားရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်ဦး