ကလောမြို့နယ် လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ကလော  မတ်   ၉

ရုံးလုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်နေကြသော နိုင်ငံ့ဝန်ထမ်းများအားလုံး ရုံးလုပ်ငန်း သဘောသဘာဝနှင့် ရုံးလုပ်ငန်းတာဝန်များကို သိရှိနားလည်ပြီး မိမိတို့ တာဝန်ယူဆောင်ရွက်ရသော ရုံးလုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာနှင့် ထိရောက်ထက်မြက်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ( Community Centre ) ခန်းမ၌ ယမန်နေ့နံနက် ၁၁ နာရီက ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 ရှေးဦးစွာ ကလောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး  ရုပ်သံကျွမ်းကျင်(၃) ဒေါ်စိန်ခြူးက ရုံးလုပ်ငန်း လက်စွဲပါ အခန်း(၂)ဝင်စာများကို အရေးယူဆောင်ရွက်ခြင်းအခန်းကို အကျယ်တဝင့်ဖတ်ကြားဆွေးနွေးခဲ့ပြီးနောက် တက်ရောက် လာသူဝန်ထမ်းများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ဦးစီးအရာရှိက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

 ကျော်ဝင်း(ပြန်/ဆက်)