ပျော်ဘွယ်မြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပပြုလုပ်

ပျော်ဘွယ်  မတ်   ၉

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူပေါင်း၍ ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀) နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ပြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများ၊ မိမိပတ်ဝန်းကျင်တွင်လည်း ကလေးအလုပ်သမားအဖြစ် လုပ်ကိုင်နေသူများရှိပါက ဗဟုသုတရရှိစေရန် အတွက် လက်ဆင့်ကမ်း မျှဝေပေးရမည့် အချက်များ၊ နိုင်ငံတော်အနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဆောင်ရွက် နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သည့် နံရံကပ်စာစောင်များကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက လေ့လာ ကြည့်ရှုခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)