ကရသူရိမြို့ မီးသတ်ဦးစီးဌာနတွင် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စစ်ဆေးမှုများနှင့်အသိပေးဆောင်ရွက်

ကရသူရိ  မတ်လ   ၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ မီးတတ်ဦးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀နာရီက ဝန်ထမ်းများ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စစ်ဆေးမှုများနှင့် အသိပေးဆောင်ရွက် ခြင်းကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်ခြင်းကို လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ဖြိုးက မိမိဝန်ထမ်းများအနေဖြင့် ပြည်သူများကို ကူညီ စောင့်ရှောက်မှုများဆောင်ရွက်နေရသဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို အထူးဂရုစိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အပြင်ထွက်သွားလာရာတွင်လည်း သတ်မှတ်ထား သည့်စည်းကမ်းချက်များကို မိမိတို့ကစ၍ အလေးထားလိုက်နာ ဆောင်ရွက် မှသာ ပြည်သူများကို ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ၏ လိုအပ်ချက် များကို အချိန်မရွေးလိုက်ပါကူညီ ဆောင်ရွက်နေရသည့်အတွက် မိမိဝန်ထမ်းများအနေဖြင့် ကာကွယ်ရေးနည်းလမ်းများကို အလေး ထားဆောင်ရွက်ရ မည်ဖြစ် ကြောင်းမှာကြားသည်။ ထို့နောက် ဦးစီးမှူးက ဝန်ထမ်းများအား အပူချိန်တိုင်းတာခြင်း၊ Mask များ ပေးအပ်ခြင်းနှင့်စနစ်တကျ လက်ဆေးနည်းစနစ်များ ကိုလက်တွေ့ပြသဆောင်ရွက် ခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)