မဘိမ်း မတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ တောင်သူများအနေဖြင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုန်းခါးရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်မေမြို့ပန်းများစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းပြီး နှုတ်ယူရောင်းချ ရသော ကြောင့် မိသားစုနေ့စဉ် ပုံမှန်ဝင်ငွေများရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရာတွင် ကုန်းခါးရပ်ကွက်၊ ဝေဟာချောင်းဘေးရှိ လယ်ကွင်းထဲတွင် မေမြို့ပန်း၊ သပြေပန်း၊ ဂန္ဓမာပန်း၊ ဒေလီယာပန်းနှင့် နှင်းဆီပန်းပင်များကို စိုက်ပျိုးထားရှိကြောင်း၊ အဆိုပါ စိုက်ပျိုးရေးကွင်းထဲမှ ထွက်ရှိသော ပန်းမျိုးစုံအား ရောင်းချခြင်းဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေ ငွေကျပ် ၇၅၀၀ ခန့် ရရှိလျက်ရှိကြောင်း ပန်းစိုက်ပျိုးရေးလုပ်ကိုင်သူ တောင်သူဦးဇော်ဦးက ပြောကြားခဲ့ သည်။
မဘိမ်းမြို့နယ်အတွင်းရှိ တောင်သူများသည် ဆောင်းအကုန် နွေအကူးကာလများတွင် ဘုရားပန်း အဖြစ် ပန်းမျိုးစုံစိုက်ပျိုးလျက်ရှိပြီး ယခုအချိန်တွင် ပန်းပင်များနှုတ်ယူရောင်းချရသောကြောင့် မိသားစုနေ့စဉ်ပုံမှန် ဝင်ငွေများရရှိ၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)