မန္တလေး မတ်လ ၉
မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမမူလွန်(၂၀)ကျောင်းတို့ပူးပေါင်း၍ (၇၇)နှစ်မြောက်တပ်မတော် နေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီက ကျင်းပသည်။
မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ် မောင်မယ်များ စာဖတ်သည့် အလေ့ အထခိုင်မြဲရေးအတွက် ပုံပြောပြိုင်ပွဲများ၊ စာဖတ်စွမ်းရည် ပြိုင်ပွဲများ၊ပျော်ပွဲရွှင်ပွဲများစဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိသည်။(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို အဖြစ်ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းကရှင်းလင်း ပြောကြားပြီးကျောင်းသား၊ ကျောင်းသူ(၈)ဦးကပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး နှင့်ဝန်ထမ်းများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မန္တလေး(ပြန်/ဆက်)