ပြည်ကြီးမဏ္ဍိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူများအား ဆက်လက်ထိုးနှံပေး

ပြည်ကြီးမဏ္ဍိုင်     မတ်     ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့တွင်အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနိုင်ပေးခြင်းကို ဆေးထိုးစုရပ်(၃)နေရာဖြစ်သည့် ကျန်းမာရေးဌာန(ပြည်ကြီး မဏ္ဍိုင်)၊ ကျေးလက်ကျန်းမာရေးဌာနခွဲ(လေညာ)၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (တောင်ငယ်)တို့တွင် အသက် (၁၈)နှစ်နှင့်အထက်ပြည် သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများ၊ရပ်/စာရေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့်  အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ အကြိမ်ထိုးနှံပေးခြင်း၊ ပထမအကြိမ် ထိုးနှံထားပြီးသူများနှင့် ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိနေသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးခြင်းဖြစ်ပြီ အဆိုပါကာကွယ် ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ကိုဗစ်-၁၉ရောဂါ ကာကွယ်  ရေးနည်းလမ်းများနှင့်အညီစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)