ဆီဆိုင် မတ် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကို မတ် ၉ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးကြီးဒဲရယ်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်သီတာဝင်းက ဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များကို ရှင်းလင်း ပြောကြားပြီး လေဘေးအန္တရာယ်ဆိုင်ရာများနှင့် ပတ်သက်၍ ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် ဌာနမှဆောင်ရွက်ပေးရသည့် အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)