တာချီလိတ်မြို့တွင် အခြေခံမဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တာချီလိတ်  မတ်  ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အခြေခံမဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်မိုးက အစည်းအဝေးကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူး ဦးအေးကိုကိုက အခြေခံမဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးရေး လုပ်ငန်း များနှင့် ပတ်သက်၍ ရည်ရွယ်ချက်များ၊ ဆောင်ရွက်မည့် လုပ်ငန်းများအား ချပြဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသည့် ဌာနဆိုင်ရာများမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးခဲ့ကြကြောင်း သိရသည်။

ခင်ချို (တာချီလိတ်)