ဝါးခယ်မမြို့နယ်တွင် (၇၇)နှစ်‌မြောက် တပ်မ‌တော်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဝါးခယ်မ မတ်လ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့ မွန်းလွဲ (၁)နာရီအချိန်က (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် သံကြိုးတိုင်တိုးချဲ့ မူလွန်ကျောင်းမှ ကျောင်းသား/ ကျောင်းသူများ (၁၀)ဦးတို့က တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က ဆုများချီးမြှင့် ပေးခဲ့သည်။ ဆက်လက်၍ စာအုပ်ပြပွဲကိုကျင်းပခဲ့ရာ ကျောင်းသူ/ ကျောင်းသားများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။

စောသန္တာဦး