ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကျောက်ဆည်  မတ်    ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းတို့ပူးပေါင်းပြီး ယမန်နေ့မွန်လွဲ(၂)နာရီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးက ပြည်သူ များအနေဖြင့် သစ်ပင်၊သစ်တောများ ချစ်ခင်မြတ်နိုးသည့်စိတ်ကိန်းအောင်လာပြီ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်း တတ်သည့်အလေ့ အကျင့် များရရှိစေရန်အတွက် ဆွေးနွေးပွဲများကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများစနစ်တကျစွန့်ပစ်ရေး၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများ၊ စွန့်ပစ်အမှိုက်လျော့ကျစေမည့် နည်းလမ်းသုံးသွယ်စသည့် အကြောင်း အရာများ၊ဘေးအန္တရာယ် ဖြစ်စေသည့် ဓာတုပဗေဒစွန့်ပစ်ပစ္စည်းများ၊ စွန့်ပစ်အမှိုက်ထွက်ရှိသည့် အရင်းအမြစ်များ၊ စွန့်ပစ်အမှိုက်အမျိုးအစားများ၊ စနစ်တကျအမှိုက် မစွန့်ပစ်ခြင်း၏ ဘေးထွက် ဆိုးကျိုးများအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

သက်မောင်