ကျောက်ဆည်မြို့နယ်၌ ဆောင်းရာသီပဲမျိုးစုံ (၅၇၃၀၈)ဧက စိုက်ပျိုးနိုင်လျက်ရှိ

ကျောက်ဆည်   မတ်   ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌  ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဆောင်းရာသီးပဲမျိုးစုံဧက (၅၇၃၀၈) ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။

ထိုသို့စိုက်ပျိုးရာတွင် ပဲတီစိမ်း(၃၆၀၁)ဧက၊ ကုလားပဲ(၃၁၁၁၈)ဧက၊ ပဲကြီး(၁၃၇၄)ဧက၊ ပဲကြား (၁၀၄၇)ဧက၊ ထောပတ်ပဲ(၉၇၉)ဧက၊ အခြားပဲ(၁၉၁၈၉)ဧက၊ စုစုပေါင်း(၅၇၃၀၈)ဧက စိုက်ပျိုးနိုင်ခဲ့ ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းရာသီပဲမျိုးစုံသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှနည်းပညာများ စနစ်တကျပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)