မန္တလေး မတ် ၁၀
မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) စာကြည့်ခန်းမတွင် စာအုပ်စာစောင်ပြပွဲကို ယမန် နေ့ညနေ(၃)နာရီကကျင်းပခဲ့ကြောင်းသိရသည်။
“စာကြည့်တိုက်မှာရှိတဲ့ စာအုပ်အမျိုးအစားတွေ အများပြည်သူသိရှိနိုင်စေဖို့၊ အခမဲ့ဌားရမ်းဖတ်ရှုကြဖို့၊ မကြာမီ နွေကျောင်းပိတ်ရက်တွေမှာ ကျောင်းသား မောင်မယ်တွေ အားလပ်ချိန်တွေကို စာပေဖတ်ရှုရင်းနဲ့ အကျိုးရှိစွာအသုံးချတတ်စေဖို့၊ စာကြည့်တိုက်အသင်းဝင်များ တိုးတက်လာ စေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ စာအုပ်စာစောင်ပြပွဲများဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်”လို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပြောကြားကြောင်း သိရှိရသည်။
မန္တလေးခရိုင်(ပြန်/ဆက်)