နမ့်ခမ်းမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး ကျေးလက်အသားသတ်လုပ်ငန်း လိုင်စင်များ အား ဒုတိယအကြိမ် ဈေးပြိုင်လေလံစနစ် ရောင်းချ

နမ့်ခမ်း  မတ်  ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အရပ်ရပ်အခွင့်အရေး ကျေးလက်အသားသတ်လုပ်ငန်း လိုင်စင်များအား ဒုတိယအကြိမ်  ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချနိုင်ရေးကို မတ်လ (၈) ရက်နေ့ နံနက်(၁၀)နာရီအချိန်က စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၂၂-၃၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့် အရေးလုပ်ငန်း လိုင်စင်များကို  မတ်လ(၁)ရက်နေ့တွင် လုပ်ငန်းလိုင်စင်များ သတ်တမ်းတိုးခြင်းနှင့် ဈေးပြိုင်လေလံစနစ်ရောင်းချခြင်း ဆောင်ရွက်ခဲ့ပြီး မတ်လ(၈) ရက်နေ့တွင် ရောင်းချရန်ကျန်ရှိသည့်    အရပ်ရပ်အခွင့်အရေး ကျေးလက်အသားသတ် လုပ်ငန်းလိုင်စင်များကို ဒုတိယအကြိမ် စျေးပြိုင်လေလံစနစ်ဖြင့်  ကျေးလက်အသားသတ်လုပ်ငန်း လိုင်စင်များ အနက်မှ အမဲသားသတ်လုပ်ငန်း လိုင်စင် (၁) ခုနှင့် ဆိတ်သားသတ်လုပ်ငန်း လိုင်စင် (၅) ခုတို့ကို ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချ နိုင်ခဲ့သည်။

နမ့်ခမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ရောင်းချရန်ကျန်ရှိသည့် အသားသတ်လုပ်ငန်းလိုင်စင် (၆) ခုတို့အား လေလံတင်ရောင်းချခဲ့ရာ လုပ်ငန်းလိုင်စင် (၆) ခုတို့၏ စုစုပေါင်း အဆိုပြု ကြမ်းခင်းလေလံဈေး (၅၇) သိန်းရှိရာ လေလံတင်ရောင်းချရငွေ စုစုပေါင်း (၆၃) သိန်းရရှိခဲ့ပြီး  ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချရန်ကျန်ရှိသည့် မြို့မအမဲသား သတ်လိုင်စင်၊ ကူးတို့ဆိပ်လိုင်စင်များ၊ ကျေးလက်ဈေးကောက်လိုင်စင်နှင့် ကျွဲ/နွား ပွဲဈေးကောက်လိုင်စင် စသည့်လုပ်ငန်း လိုင်စင်များကို မတ်လ (၁၄) ရက်နေ့မှ တတိယအကြိမ် ဈေးပြိုင်လေလံပွဲ   အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များကို ဆက်လက်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ထွန်း(နမ့်ခမ်း)