ပုလောမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

ပုလော  မတ်  ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု နှုန်းလျှော့ချ နိုင်ရေးနှင့် ရောဂါကြောင့်သေဆုံးမှုနှုန်းများ ဆက်လက်လျော့ကျလာစေရေးအတွက် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို  ပုလောမြို့နယ်ခန်းမတွင် ယနေ့ နံနက် ၉နာရီခွဲက ဆက်လက်  ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ယနေ့ နံနက် (၉)နာရီအချိန်က ကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုး မှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ် ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးပြီးချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊  QR Code စနစ်ပါဝင်သည့် ကာကွယ်ဆေးထိုးမှတ်တမ်းစာရွက်များ ထုတ်ပေးခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းရေးဦးစီး ဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ နှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်းအဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး နည်းလမ်း များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။

ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်း လျာထားချက် ရာနှုန်းပြည့် မီရေးအတွက် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ဆေးလာရောက်ထိုးနှံကြရန် အသိပညာပေး နှိုးဆော် ခြင်း လုပ်ငန်းများအပြင် Mobile စနစ်ဖြင့် အိမ်တိုင်ရာရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ ပေးခြင်း ကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက အရှိန်အဟုန် မပျက် ဆက်လက်၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)