ပုလော မတ်လ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရာ ယနေ့ နံနက်(၈)နာရီခွဲက ပုလောမြို့ အမှတ် (၄)ရပ်ကွက် ၌ ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးကို Mobile စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ပုလော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် အဖွဲ့၀င်များ ကြီးကြပ်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ၀န်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ဦးစီးဌာနမှ ၀န်ထမ်းများ၊ ကြက်ခြေနီအသင်းနှင့် မေတ္တာရှင် ပရဟိတ အသင်းမှ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မြို့နယ်အတွင်း လွှမ်းခြုံနိုင်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက် (၅) ရပ်ကွက် ကို သတ်မှတ်ရက်များတွင် အိမ်တိုင် ရာရောက် Mobile စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
အေးအေးမော်(ပုလော)