မိတ္ထီလာမြို့နယ်တွင်  ဆည်ရေကန် ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများ  နွေစပါးများ စတင် ပျိုးထောင်လျက်ရှိ

မိတ္ထီလာ  မတ်  ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ဆည်ရေကန်ရေ သောက်စနစ်ဖြင့် နွေစပါး စိုက်ပျိုးမည့် တောင်သူများ  နွေစပါးများ စတင်ပျိုးထောင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဝမ်းစာဖူလုံရေးအတွက် ဆည်ရေကန်ရေများဖြင့် နှစ်စဉ်မိုးစပါးများနှင့် နွေစပါးများကို စိုက်ပျိုးလျက်ရှိရာမှ ၂၀၂၁-၂၀၂၂ခုနှစ် နွေစပါးကို လျှော်ဖြူ ကန်၊ ဇောင်ချမ်းကုန်း၊ ကဖြူ၊ ညောင်ကိုင်း၊ တောမ၊ ထမုန်ကန်၊ ခင်လူး၊ မုန်တိုင်၊ သီးကုန်း၊ ကုက္ကို ကုန်း၊ ကွက်ငယ်၊ ရှမ်းမငယ်ကျေးရွာအုပ်စုများရှိ ကွင်း ၂၃ ကွင်းတွင် နွေစပါးစိုက်ဧက ၈၀၀ကျော်  စိုက်ပျိုးသွားမည်ဖြစ်ရာ ၎င်းစိုက်ဧကများတွင် နွေစပါးစိုက်ပျိုးနိုင်ရေး ပျိုးထောင်ရန် ပျိုးထောင်ရေ များကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှ စတင်၍ လွှတ်ပေးလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချ မှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

  ၂၀၂၁-၂၀၂၂ခုနှစ်တွင် နွေစပါးစိုက်ဧက ၈၀၀ကျော်စိုက်ပျိုးသွားမည့် ကျေးရွာအုပ်စု ၁၂ အုပ်စုများ မှ နွေစပါးစိုက်ပျိုးမည့် တောင်သူများအနေဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေး ပျိုးထောင်ခြင်းလုပ်ငန်းကို မတ်လ ၁ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာတွင် စိုက်ပျိုး ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  စပါးတစ်ဧက အထွက်နှုန်း တိုးတက်စေရေးတို့အတွက် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များကျင့်သုံးစေရန် တောင်သူနည်းပညာပေး  ဆွေးနွေးခြင်းများကို ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)