ညောင်ဦး မတ် ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် ဇီးပင်ကြီးတဲတိုက်သို့ ယနေ့ နံနက် ၉နာရီအချိန်က သောက်သုံး ရေဂါလံ ၁၆၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူ တော်တာဝန်ခံ ဦးဝင်းမင်းထွန်းက ပြောကြားသည်။
ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျှက်ရှိသော ညောင်ဦးမြို့နယ် ဇီးပင်ကြီးတဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ ကြောင်းသိရသည်။ ညောင်ဦး မြို့နယ်အတွင်းရှိသောက်သုံးရေ လိုအပ်လျက်ရှိသောတဲတိုက်များ၊ ကျေးရွာများအတွက်ရန်ကုန် မြို့ဝေမျှခြင်းပရဟိတမိသားစုမှ လှူဒါန်းပေးလျက်ရှိရာ ယခုလှူဒါန်းသည့် ဇီးပင်ကြီးတဲတိုက်အတွက် ၁၆၀၀ဂါလံ လှူဒါန်းခဲ့ပြီးဖြစ်ရာ သောက်သုံးရေဂါလံ ၁၀၁၈၀၀ ညောင်ဦးမြို့နယ် သောက်သုံးရေ လိုအပ်နေသောကျေးလက် ပြည်သူများအားဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD