ညောင်ဦးမြို့နယ် မြို့အဝင်အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးပြီး/မပြီး ခရီးသွားပြည်သူများအား စစ်ဆေးခြင်းနှင့်ကာကွယ် ဆေးထိုးနှံပေးခြင်းများဆောင်ရွက်

ညောင်ဦး  မတ်  ၁၀

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အတွင်း မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ၊ ညောင်ဦးမြို့နယ်အတွင်းမှ ဒေသခံ ပြည်သူများအသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အတွက်မတ်လ ၉ ရက်နေ့မှစတင်ပြီး ကိုဗစ်ဆေးထိုးပြီးမပြီး၊ လက်မှတ်စစ်ဆေးခြင်းများအား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးမပြီး စစ်ဆေးခြင်းနှင့်မထိုးနှံရသေးပါက တစ်ခါ တည်းထိုးနှံပေးခြင်းများအား ညောင်ဦး-ကျောက်ပန်းတောင်း-ခြောက်မြို့ဘက်သွား လေယာဉ် ကွင်းလမ်းဆုံ၊ ပုဂံမြို့-ချောက်မြို့ဘက်သွား လောကနန္ဒနာဘေးမဲ့ တောဥယျာဉ်လမ်း၊ ညောင်ဦး -မြင်းခြံ-ပခုက္ကူလမ်းဘက်သွား လက်ပံခြေပေါ် ဧရာဝတီ တံတား(ပခုက္ကူ) တောင်ဘက်ခြမ်းနှင့် ညောင်ဦး-ကျောက်ပန်းတောင်းသွားလမ်းအမပေါ်ရှိ တောင်ဇင်းကျေးရွာတို့တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးပြီး၊မပြီးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးနှံ ပြီးစီးသူများ လက်မှတ်စစ်ဆေးခြင်းနှင့်မ ထိုးရသေးသူများထိုးနှံပေးခြင်းတို့ ဆောင်ရွက်လျက်ရှိရာ အသက်(၁၈)နှစ်အထက် ခရီးသွားပြည်သူများ၊ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု လက်မှတ်စစ်ဆေးခြင်း၊ မထိုးနှံရသေးပါက ချက်ခြင်း ထိုးနှံပေးခြင်း နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပြီးသူများ ထိုးပြီးခြောက်လကျော်ပါက ထပ်ဆောင်း ထိုးပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးသည့် နေရာများ ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်၊ ညောင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး အောင်မင်း၊  ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများပူးပေါင်းပြီး အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ် ကာကွယ်ဆေး ညောင်ဦးမြို့နယ်အတွင်း ရာနှုန်းပြည့်ထိုးနိုင်ရေးနှင့်ခရီး သွားပြည်သူများ ကိုဗစ် ကာကွယ်ဆေးထိုးပြီးမပြီးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုထိန်၊KPD