ကျောင်းကုန်း မတ်လ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စက္ကူခေါက်ပြိုင်ပွဲနှင့် ကာယ ဉာဏစွမ်းရည် ပြိုင်ပွဲများကို ယနေ့ နံနက် ၁ဝ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချိုမာထွန်းက စွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ အောက်ပိုင်းအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား/ ကျောင်းသူလေးများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် စက္ကူခေါက်ပြိုင်ပွဲ ကျင်းပပေးခဲ့ပြီး၊ ကာယစွမ်းရည်ပြိုင်ပွဲအဖြစ် ပူစီပေါင်းမှုတ်ပြိုင်ပွဲနှင့် ထိုင်ခုံလုပွဲစသည့်တို့ ကျင်းပပေးခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ဆုရရှိကြသော ကျောင်းသား ကျောင်းသူများအား ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်