ငပုတော မတ်လ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွှဲပိုင်းက အမှတ်(၅)၊ အခြေခံပညာအလယ်တန်းကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်နုနုရီက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်များကို အလှည့်ကျ ဖတ်ကြားစေခြင်း၊ ရုပ်ပြစာအုပ်၊ ပုံပြင်စာအုပ်နှင့် ဂျာနယ် စာစောင်များအား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငပုတောမြို့နယ်ရုံးမှ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်များ ပေါ်ပေါက်လာစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယခုလို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
နုနုအေး