ရမည်းသင်း မတ် ၁၀
ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများပူပေါင်း၍ ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲနှင့် စာအုပ်စာစောင်ပြသပွဲကို ယနေ့နံနက်(၁၀) နာရီက ရမည်းသင်းခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက အဖွင့် အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင် ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာသိကောင်စရာများ၊ ကလေးအလုပ်သမား ပပျောက်ရေးရည်မှန်းချက်များနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည့် အချက်များ၊ နိုင်ငံတော်အနေဖြင့် ကလေး အလုပ်သမား ပပျောက်ရေးအတွက် အလေးထားဆောင်ရွက် နေမှုများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးဝန်းအတွင်း ကလေး အလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များကို ပြသထားရာ တက် ရောက်လာသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာ ကြည့်ရှုခဲ့ကြောင်းသိရသည်။
ဇော်ဝင်းအောင်