ကျေးသီးမြို့နယ်၌ အခြေခံတိရိစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ် ကျင်းပ

ကျေးသီး  မတ်  ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အခြေခံတိရိစ္ဆာန် ကျန်းမာရေးလုပ်သား သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင်  ကျေးသီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးထူးထက်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် လွိုင်လင်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်ဆန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးသီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးမှာကြား ခဲ့သည်။

ထို့နောက် အခြေခံတိရိစ္ဆာန်ကျန်းမာရေး လုပ်သားသင်တန်းကို သင်တန်းသား၊ သင်တန်းသူ  (၃၁) ဦးတက်ရောက်ခဲ့ကြ ပြီး သင်တန်းကာလမှာ (၉-၃-၂၀၂၂) ရက်နေ့မှ (၁၁-၃-၂၀၂၂) အထိ (၃) ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ကျေးသီးမြို့နယ် မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

သဲစုပိုင်(ကျေးသီး)