မိုင်းငေါ့ မတ်လ ၁၀ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ မန်ကောင်းရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် တံမြက်စည်း များ ပြုလုပ်၍ ဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရ သည်။
အဆိုပါ တံမြက်စည်းပင်များသည် တောင်ပေါ်ဒေသအမြဲစိမ်းတောများတွင် နေရာကွက်ကြား အလေ့ကျပေါက်ရောက် တတ်ကာ ကြူပင်နှင့် အလားတူသော အရွက်ရှည်မြစ်ပွား အပင်မျိုးဖြစ်၍ ဆောင်းရာသီကို ပိုမိုနှစ်သက်ပြီး အမြင့် ငါးပေမှ ခြောက်ပေ အထိရှိသော တံမြက်စည်းပင်ပွင့်ခိုင်များ ထွက်ရှိကြောင်း ထိုပွင့်ခိုင်များကို သွားရောက် ရှာဖွေ ခုတ်ယူရောင်းချ ရာ တံမြင်စည်းပြုလုပ်သူများက တံမြက်စည်း အစိုအမျှင်သေး အချောင်းတစ်ရာလျှင် ၁၅၀၀/- ကျပ်ဖြင့် ဝယ်ယူကြောင်း သိရသည်။
တံမြက်စည်း ပြုလုပ်သူများသည် ဝယ်ယူထားသော တံမြက်စည်း အပင်စိုများကို ကွင်းပြင်တွင် ငါးရက်ကျော်ခန့် နေပူ လှန်းပြီး ရရှိလာသောအခြောက်အား တံမြက်စည်းအချောပြုလုပ်၍ တစ်ချောင်းလျှင် ၂၅၀၀/-ကျပ်နှုန်းဖြင့် ဒေသအတွင်း ရှိ ကုန်သည်များ ထံပြန်လည် ဖြန့်ဖြူးပေးကြောင်းနှင့် တစ်ရက်လျှင် တံမြက်စည်းချောအချောင်း (၁၅) ချောင်းခန့် ပြုလုပ် ပြီးစီးကြောင်း ကို မန်ကောင်းရပ်ကွက်အတွင်းရှိ တံမြက်စည်း ပြုလုပ်ရောင်းချသူ ဒေါ်မြစိန်လေး၏ ပြောကြားချက်အရ သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)