မိုင်းတုံ မတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ စမ်းသီတာကျေးရွာ ဂါလံ (၅၀၀၀) ဆံ့အုတ်ရေကန်နှင့် ရေတား တံမံတည်ဆောက်ပြီးစီးမှုကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန့်၊ မိုင်းဆတ်ခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်တိုးတို့အဖွဲ့က မတ် ၉ ရက် နေ့ နေ့ခင်(၂း၃၀ )အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေကန်နှင့် ရေတားတံမံတည်ဆောက် ပြီးစီးမှုကိုကွင်းဆင်းစစ်ဆေးခဲ့ရာ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်နှင့် ရှေလင်းထိန် (AMH) ကုမ္မဏီမှ တာဝန်ရှိသူက လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းရေကန်ဂါလံ (၅၀၀၀) ဆံ့နှင့် ရေတားတံမံတည်ဆောက်ခြင်းသည် မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် (၆) လဘတ်ဂျတ် ပြည်ထောင်စု (မွမ်းမံ) ရန်ပုံငွေ (၈.၄၅) သန်းဖြင့် ရှေလင်းထိန် (AMH) ကုမ္မဏီမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုရေကန်သည် စမ်းသီတာ (၆) မိုင်ကျေးရွာရှိ အိမ်ခြေ (၇၅) မှ လူဦးရေ (၄၉၇) ဦးတို့၏ သောက် ရေ/သုံးရေနှင့် ကျွဲ/နွာများအတွက် အထောက်အကူပြုလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်ထံမှ သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)