သပိတ်ကျင်းမတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် အတွင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက မတ်လ (၈)ရက်နေ့နှင့် (၉)ရက်နေ့များတွင် ကျေးရွာများသို့သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင်သပိတ်ကျင်းမြို့နယ်အတွင်းရှိ အုံးဇုံးကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကျကျေးရွာများသို့ သွားရောက်ခဲ့ပြီး အသက်(၁၀)နှစ်ပြည့် ပြီးသူ (၉၃)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ (၁၇၆)ဦး၊စုစုပေါင်း (၂၆၉) ဦးတို့အား မြို့နယ်ဒု-လဝကမှူး ဦးဇော်သန်းထိုက်နှင့် ဝန်ထမ်း များမှ ကျေးရွာရှိ ဓမ္မာရုံများတွင် နိုင်ငံသားစိစစ်ရေးကတ်များ ဆက်လက်ဆောင်ရွက်ပေးခဲ့ကြသည်။
သပိတ်ကျင်းမြို့နယ်အတွင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်နေ့က သတ်မှတ်ချက်ပြည့်မီ ပြီးစီးခဲ့သော်လည်း ခရီးလွန်နေ့သည့် ပြည်သူများနှင့်အကြောင်း အမျိုး မျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရန်ကျန်ရှိ နေသူများအား ကျေးရွာတာဝန်ခံများနှင့် ချိတ်ဆက်ပြီး ကောက်သင်းကောက်စနစ်ဖြင့် ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း(သပိတ်ကျင်း)