သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အဋ္ဌမအသုတ် ပထမအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

သာစည် မတ် ၁၀

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉  ကာကွယ်ဆေး အဋ္ဌမအသုတ်  Covishield  ပထမအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး Covaxin တို့ကို ဆေးထိုးအဖွဲ့များက   ဆေးထိုးစုရပ်များ၌ ယနေ့ နံနက်က  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့မှသိရသည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့ဆေးရုံ၊    သူကောင်းကုန်းကျေးရွာ၊   မကျီး ရိုးကျေးရွာနှင့်ဇီးတောအိုင်ကျေးရွာတို့တွင်   ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူများအား      ကိုဗစ်-၁၉  ကာကွယ်ဆေးအဋ္ဌမအသုတ်  Covishield  ပထမအကြိမ်နှင့်ကိုဗစ်-၁၉ ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံထား ခြင်းကို လေးလပြည့်ပြီး  အသက် ၅၀ နှစ်နှင့်အထက်ပြည်သူများအား သူများအား ထပ်ဆောင်းကာကွယ်ဆေး  Covaxin ကို    ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကကွယ်ဆေးကို ၂၀၂၁ ခုနှစ် ဇူလိုင် ၃၁ ရက်မှစ၍ ဦးတည် အုပ်စုအလိုက်ထိုးနှံပေးခဲ့ရာ   ယမန်နေ့ကအထိ    ကိုဗစ်-၁၉ ကာကွယ်ဆေးများဖြစ်သည့်   Sinopharm၊  Sonovac ၊   Covishield နှင့် Sputnik Light တို့ကို  စုစုပေါင်း   ၁၇၉၇၄၅  ထိုးနှံ ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ထပ်ဆောင်း ကာကွယ်ဆေးSputnik Light ထိုးနှံပြီးသူ  ၃၃၈၃  ဦး နှင့် Covaxin ထိုးနှံပြီးသူ  ၁၀၂၀  ဦးရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)