ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် လုံခြုံစိတ်ချစွာ သင်ကြားရေး မူအုပ်ဆရာမတစ်ဦး၏ရင်တွင်းခံစားချက်စကားသံ

တနင်္သာရီ မတ် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းဖြင့် လုံခြုံစိတ်ချစွာ သင်ကြားရေးလုပ်ငန်းကို ဆောင်ရွက်နိုင်ပြီးဖြစ်ကြောင်း အနောက်မော်တုန်းကျေးရွာအုပ်စု၊ ကတော့ကမ်းရွာ မူလတန်းလွန်ကျောင်းတွင် မူအုပ်တာဝန် ထမ်းဆောင်နေသော ဆရာမ ဒေါ်ခင်မိုးလွင်က ရင်တွင်းခံစားချက်ကို ယခုလို ပြောသည်။

ကျွန်မက ဆရာမဒေါ်ခင်မိုးလွင်ပါ။ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ အနောက် မော်တုန်းကျေးရွာအုပ်စု-ကတော့ကမ်းရွာမူလတန်းလွန်ကျောင်းက ကျောင်းအုပ်ဆရာမ ဖြစ်ပါတယ် ရှင့်။

ကျွန်မဟာ လက်ရှိမှာမိသားစု(၅)ဦးနဲ့အတူ အရှေ့မော်တုန်းကျေးရွာအုပ်စု-အရှေ့မော်တုန်းရွာမှာ နေထိုင်ပြီး ကျမ‌ခင်ပွန်းကဥယျာဉ်လုပ်ငန်းကို လုပ်ကိုင်ပါ တယ်။ အရှေ့မော်တုန်း ရွာကမှတစ်ဆင့် ဟိုဘက်ကမ်းရှိ ကတော့ကမ်းရွာကျောင်းမှာ စာသွားသင်ပေးရတာပါရှင့်။

ကျွန်မတို့က ပညာရေးဌာနဆရာမတွေဆိုတော့ ကျွန်မတို့အနေနဲ့က ကိုယ့်မိသားစုဝင်တွေ ရောကျောင်းသူ/သားတွေအတွက်ပါသင်ကြားမှု၊သင်ယူမှုမထိခိုက်စေ ရေးအတွက်ထည့်စဉ်း စားရတာပေါ့။ မဖြစ်မနေ ကာကွယ်ဆေးကိုအရင်ဦးဦးဖျားဖျားထိုးထားမှ စိတ်ချလက်ချ စာသင်ကြားပေးနိုင်ပြီလေ။  ကျွန်မဒီ ကိုဗစ် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးထားတော့ ကျွန်မအတွက်ရော အခြားကျောင်းသူ/သားတွေအတွက်ပါ ကာကွယ်ပြီးသားဖြစ်တယ်လေ။ ကလေးတွေကိုလဲ စိတ်ချလက်ချစာသင်ကြားမှု ပြုနိုင်မယ်ဆိုတာသဘောပေါက်နားလည်လို့ အခုဆိုရင် မြို့နယ်ပညာရေးမှူးရဲ့ လမ်းညွှန်မှုအရ ကိုဗစ်ကာကွယ်ဆေး အပိုဆောင်း (တတိယ)အကြိမ် Booster Dose လာထိုးနှံခြင်းဖြစ်ပါတယ်။

အခုလို ထပ်ဆောင်းကာကွယ်ဆေး ထိုးပေးလိုက်တော့ အရင်ကအကြိမ်ပြည့်ထိုးနှံထားသော် လဲ ဘာပဲ့ပြောပြော ပိုပြီးလုံခြုံစေတယ်လို့ တကယ်ခံစားရတယ်။ အကာအကွယ်တစ်ခုခု တပ်ပေးလိုက် သလိုမျိုးကျေနပ် ခံစားရပါတယ်ရှင့်။ ဥပမာပြောရရင် မော်တော် ဆိုင်ကယ် စီးရင် ဆိုင်ကယ်စီးဦးထုပ် ဆောင်းလိုက်သလိုမျိုးပေါ့လေ။ လုံခြုံစိတ်ချစွာသင်ကြားရေး လုပ်ငန်းကို ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်ရှင့်။

ကျွန်မကျောင်းက အသက်(၁၂)နှစ် အထက်ကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပေးပြီးဖြစ်ပါတယ်။ ကျောင်းသားမိဘ/ ညီအစ်ကို မောင်နှမတွေ ကိုလဲနိုင်ငံ တော်ရဲ့အစီအမံနဲ့ ကျန်းမာရေးဌာန ဆရာမတွေက ကျေးရွာကျန်းမာရေးဌာနမှာ အခမဲ့ ထိုးပေးနေတဲ့အချိန်မှာ မိမိအလှည့် ရောက်တာနဲ့မဖြစ်မနေ ကိုဗစ်ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံမှုခံယူကြစေ လိုပါတယ်။

ကိုဗစ်ရောဂါကာကွယ်ဆေးဟာ မိမိအတွက် မိသားစုအတွက် မိမိပတ်ဝန်းကျင်အတွက် အားလုံးအတွက် အကာကွယ်ဆေးဖြစ်တာမို့လို့ ကျမလိုပဲ့ လုံခြုံ စိတ်ချရအောင် ကျမတို့ရဲ့ မိတ်ဆွေတွေကိုလဲ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးခွင့်ရနေတဲ့အချိန်မှာ အကြိမ်ပြည့် ဖြစ်အောင်ထိုးနှံကြဖို့ တိုက်တွန်း ချင်ပါ တယ်။ အခုဆိုရင် ကိုယ်ဝန်ဆောင်တွေ နို့တိုက်မိခင် တွေကိုပါ ထိုးနှံပေးပြီဖြစ်လို့ ဖြစ်အောင်ထိုးကြပါလို့တိုက်တွန်းပါရစေ။

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)