ပုသိမ်ကြီး မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တွင် ကလေးများ အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀နာရီခွဲက အဆိုပါဦးစီးဌာန၌ ပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။
ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇင်မင်းထွန်းမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြိုင်ပွဲများ ကျင်းရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ အထက ပုသိမ်ကြီးမှ ကျောင်း သား၊ ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲတို့အား ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲအခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇင်မင်းထွန်းနှင့် ဝန်ထမ်းများ၊ အထကပုသိမ်ကြီးမှ အလယ်တန်းပြ ဆရာမ ဒေါ်သဲအေးသန့်ဇင်နှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ မြို့နယ်(ပြန်/ဆက်)