သီပေါ မတ် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းခွဲသို့ သွားရောက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နီလာစိုးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းဟောပြောခဲ့ပြီး စာဖတ်စွမ်းရည် မြင့်မား လာစေရန် ရည်ရွယ်၍စာအုပ်၊ စာစောင်များကို အလှည့်ကျ ဖတ်ကြားစေခြင်း၊ ရုပ်ပုံပြပုံပြောခြင်းနှင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သီပေါမြို့နယ်ရုံးမှ အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြှင့်တင် ရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ လစဉ်သွားရောက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ပေါ်ပေါက်လာစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်းသိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)