တစ်ပိုင်တစ်နိုင် ဟင်းစားပင်စိုက်ပျိုးခြင်းဖြင့် မီးဖိုဆောင်အသုံးစရိတ် လျှော့ချနိုင်

မိုးနဲ   မတ်   ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ဟင်းစားပင် စိုက်ပျိုးခြင်းဖြင့် မိသားစု မီးဖိုဆောင်အသုံးစရိတ်ကို လျှော့ချပေးနိုင်ကြောင်း ဥယျာဉ်ရပ်ကွက်နေ တစ်ပိုင်တစ်နိုင် ဟင်းစားပင်စိုက်ပျိုးသူ ဦးမိုးဆွေ ထံမှ သိရသည်။

ဟင်းစားပင်များကို နေအိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ်မှာ ဘောင်များပြုလုပ်၍ မုန်ညင်း၊ နံနံပင်၊ ကန်စွန်းရွက်၊ ခရမ်းချဉ်သီး၊ ကိုက်လံ၊ ကြက်သွန် ဖြူ/နီပင်များကို စိုက်ပျိုးထားရှိကြောင်း၊ ဟင်းစားပင်များမှာ ခူးဆွတ်စားသုံးနေရပြီ ဖြစ်ကြောင်း၊ ခူးဆွတ်စား‌သုံးနေရပြီဖြစ်တဲ့အတွက် ဈေးပတ်တစ်ပတ်မှ မီးဖိုဆောင်အသုံးစရိတ် ကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကြားလျှော့ချ သုံးစွဲနိုင်သည့်အပြင် ပိုလျှံသောဟင်းစားပင်များကို ဘုန်းတော်ကြီးကျောင်းများသို့လည်း လှူဒါန်းရ‌ပါ ကြောင်း၊ ယခု ကြက်သွန် ဖြူ / နီ ပင်များမှာလည်း  နုတ်သိမ်းရတော့မည်ဖြစ်ကြောင်း၊ အခြားသူများလည်း မိမိနေအိမ် မြေနေရာများတွင် ဟင်းစားပင်များကို တတ်နိုင်သလောက် စိုက်ပျိုးစေလိုကြောင်း ဟင်းစားပင်စိုက်ပျိုးသူ ဦးမိုးဆွေ၏ ပြောကြားချက်အရ သိရသည်။

မျိုးညွန်ရွှေ (မိုးနဲ)