မိုင်းယန်း မတ် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၌ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာဖြေခန်းများပြင်ဆင်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်တွင် စာစစ်ဌာနများကို အခြေခံပညာအထက်တန်းကျောင်းနှင့် အရံစာစစ်ဌာနအနေဖြင့် အခြေခံပညာ အလယ်တန်းကျောင်း (ဈေးတန်း) တို့တွင် ပြင်ဆင်ထားရှိပြီးဖြစ် ကြောင်းသိရသည်။ မိုင်းယန်းမြို့နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ အတွင်းဖြေ ကျောင်းသား၊ ကျောင်းသူ (၂၆) ဦးနှင့် အပြင်ဖြေ ကျောင်းသား၊ ကျောင်းသူ(၁၇) ဦး စုစုပေါင်း (၄၃) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိဝန်ထမ်းများမှ စာဖြေခန်းများ ပြင်ဆင် ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး