တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၏ နှစ်ပတ်လည်အရပ်အရပ် ဆိုင်ရာ အစည်းအဝေးကျင်းပ

ထားဝယ် မတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ၂၀၁၉(မီနီ)ဘဏ္ဍာနှစ်နှင့်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွက် နှစ်ပတ်လည်အရပ်အရပ်ဆိုင်ရာ အစည်း အဝေးကို ယမန်နေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သဘာပတိ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ ဦးသိန်းဝင်းက ၂၀၁၉ (မီနီ)ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ စုစုပေါင်း (၁၈)လအတွက် ဘဏ္ဍာရေးစာရင်းရှင်းတမ်း အစည်းအဝေးဖြစ်ကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းက အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းမင်းက အဖွဲ့၏အစီရင်ခံစာအား ဖတ်ကြားပြီး တာဝန်ရှိသူများက စာရင်းစစ် အစီရင်ခံစာ၊  ၂၀၁၉(မီနီ) ဘဏ္ဍာရေး ရှင်းတမ်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်စာရင်း ရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းများအား ဖတ်ကြားတင်သွင်းကာ ရှေ့လုပ်ငန်းစဉ်များနှင့် ဆောင်ရွက် ထားသောလုပ်ဆောင်ချက်များအား ချပြရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပျက်စီးနေသော လုပ်ငန်းသုံးပစ္စည်းများ အသင်းမှပယ်ဖျက်နိုင်ရန်အတွက် အတည်ပြုချက် များရယူခဲ့ကြပြီး သဘာပတိ တိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ် ဥက္ကဋ္ဌ ဦးသိန်းဝင်းက အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)