(၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ မတ် ၁၁

ပြည်​​ထောင်စုနယ်မြေနေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့မှ စာရေးဆရာ ရဲမွန်ကျော်က "ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သော် ၁၉၄၅ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့မှအစပြု၍ မြန်မာ့သမိုင်းတွင် တပ်မတော် နေ့ဟူ၍ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပေါ်လာခဲ့ပုံအကြောင်း၊ နိုင်ငံတစ်ခုတွင် ပြည်ပရန် ကာကွယ် ရန်နှင့် ပြည်တွင်းအင်အားတောင့်တင်းရန်အတွက် တပ်မတော်သည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ရဲဘော်သုံးကျိပ်မှအစပြုပြီး BIA မြန်မာလွတ်လပ်ရေးတပ်မတော် BDA ဗမာ့ကာကွယ်ရေး တပ်မတော် အဆင့်ဆင့်ပြောင်းလဲခဲ့ပုံအကြောင်း"  ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက် လာသော ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများက မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

 မျိုးသီဟ(ပြန်/ဆက်)