တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၏ အမှုဆောင်အဖွဲ့နှင့် အသင်းစာရင်းစစ်များရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကျင်းပ

ထားဝယ် မတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၏ အမှုဆောင်အဖွဲ့နှင့် အသင်းစာရင်းစစ်များ ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ သဘာပတိ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က သမဝါယမအသင်း နည်းဥပဒေအရ သက်တမ်း(၅) နှစ်ပြည့်သော ကြောင့် အမှုဆောင်အဖွဲ့ပြန်လည် ရွေးချယ်ပွဲပြုလုပ်သော အခမ်းအနားဖြစ်ကြောင်း၊  ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တွင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ဘဲ ယခုအခါတွင် ကျင်းပရခြင်းဖြစ်ကြောင်း၊ အမှုဆောင်အဖွဲ့နှင့်အသင်း စာရင်း စစ်များရွေးချယ် တင်မြှောက်ရခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားပြီး အတွင်းရေးမှူး ဒေါ်အေးပွင့်က အသင်းဝင် ကိုယ်စားလှယ်များ၏ အမည်စာရင်း အားဖတ်ကြားသည်။

ထို့နောက် တက်ရောက်လာသောကိုယ်စားလှယ်များက အသင်းစုချုပ်၏ ဦးစီးကော်မတီဝင်များ အမည်စာရင်းအဆိုပြုခြင်း၊ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်း စာရင်းစစ်ရွေးချယ်ခြင်း၊ တာဝန်ခွဲဝေသတ်မှတ် ခြင်း၊ ဗဟိုသမဝါယမအသင်းလီမိတက်သို့ စေလွှတ်မည့်အသင်းဝင်ကိုယ်စားလှယ်အမည်ရွေးချယ်ခြင်း စသည့်တို့ ကို အတည်ပြုချက်များရယူခဲ့ကြပြီး ရွေးချယ်ခံရသည့် ဒါရိုက်တာအဖွဲ့ဝင်များနှင့် အသင်း စာရင်းစစ်များက ကတိသစ္စာခံယူခဲ့ကြသည်။

ဆက်လက်၍ ရွေးချယ်ခံရသည့် အသင်းစုချုပ် ဥက္ကဋ္ဌက မိတ်ဆက်စကားပြောကြားပြီး သဘာပတိ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)