ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါပိုးကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်

ကျောက်ဆည်  မတ်  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်း အိမီခရွန် (Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာ ပေးခြင်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းက ငါးအိုး ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးဦးချမ်းသာ၊ လူမှုရေးအသင်းဝင်များနှင့်ပူးပေါင်း၍ အသံချဲ့စက်ဖြင့်  အသိပညာပေးခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းအိုမီခရွန် (Omicron)ရောဂါပိုးသည် မိမိတို့နိုင်ငံတွင် ရောက်ရှိလာပြီဖြစ် သဖြင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့သွားလာခြင်းနှင့် လူစုလူဝေးရှိသောနေရာများ ရှောင်ကြဉ်ကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္ စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင်ရန်၊ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာန များသို့ သွားရောက်ပြီး စနစ်တကျစစ်ဆေးပြီး ဆေးဝါကုသမှုခံယူကြရန်၊ မိဘပြည်သူများအားလုံးက ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုး ဗီဇပြောင်းအိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုယ်စီလိုက်နာ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေ ပြည့်မီစွာ ထိုးနှံကြပါရန် စသည့်ကျန်းမာရေး အသိပေးခြင်းများ နှိုးဆော်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)