ကျောက်ဆည် မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၁-=၂၀၂၂ ဘဏ္ဍာနှစ်တွင် ကြက်မင်းတွန်ရပ်ကွက်၌ အိမ်ထောင်စု(၈၆၈)စုအကျိုးပြုမည့် မေဂျာ(၇) ရေသန့်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းများ ဆောင်ရွက်ပေးလျက်ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ် ကြောင်း သိရှိရသည်။
ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် (၃.၆၈၇)သန်း အကုန်အကျခံကာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေး အရှည်(၃၂၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉)လက်မ ဆောင်ရွက်ပေးခြင်းကြောင့် ကြက်မင်းတွန်ရပ် ကွက်အတွင်းမှ အိမ်ထောင်စု(၈၆၈)စု၊ လူဦးရေ(၄၀၆၄)ဦး သွားလာရာတွင် လွယ်ကူလျင်မြန်စွာ ဖြတ်သန်းသွားလာ နိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေး ကဏ္ဍစုံ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့တွင်း လမ်းများအား ကတ္တာထပ်ပိုးလွာခင်းပေးခြင်း၊ သောက်သုံး ရေများဖြန့်ဝေခြင်း ၊အရိပ်ရအပင်များနှင့် ပန်းအလှ ပင်များစိုက်ပျိုးခြင်း၊ ရေနှုတ်မြောင်းများရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို ဘဏ္ဍာ နှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်