ကျောက်ဆည် မတ် ၁၁
မန္တလေးတိုင်းဒေသကကြီး ကျောက်ဆည်မြို့နယ်တွင်နေထိုင်ကြသော တောင်သူများအနေဖြင့် ဆန် စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း ယာမြေနှင့် ကိုင်းကျွန်းမြေများတွင် နေ့စဉ်ဝင်ငွေရရှိသော ဆူးပုတ်၊ ချဉ်ပေါင်၊ ကြက်သွန်မိတ်၊ ပင်စိမ်း၊ ဆလပ်၊ ဘူး၊ ငရုပ်၊ ကြက်ဟင်းခါး၊ တိုင်ထောင်ပဲတောင့် ရှည်၊ ခရမ်း စသည့် ကုန်စိမ်းသီးနှံများဖြစ်သော ဟင်းသီး၊ဟင်းရွက်ပင်များ စိုက်ပျိုးရောင်းချလျက်ရှိရာ သင်တောင်းကျေးရွာ၌ စိုက်ပျိုးထားသော ကန်စွန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ကန်စွန်းစိုက်ပျိုးသော တောင်သူများအနေဖြင့် ဈေးကွက်အနေအထားကိုကြည့်ကာ ကန်းစွန်းအပင်ကျဲ စိုက်ပျိုးနှင့် ကန်စွန်းအစိပ်စိုက်ပျိုးခြင်းဟူ၍ (၂)မျိုး စိုက်ပျိုးကြကြောင်း၊ ကန်စွန်အပင်ကျဲ (၁)ဧက စိုက်ပျိုးမည် ဆိုပါက မျိုးစေ့အထုပ်(၂၀)အသုံးပြုရပြီး ကန်စွန်းအကျဲစိုက်ပျိုးမည်ဆိုပါက မျိုးစေ့အထုပ် (၄၀) အသုံးပြုရကြောင်း ကန်စွန်စိုက်ပျိုးရာတွင် မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင် (၅) လက်မခန့်ခြားပြီး အတန်းလိုက်စိုက်ပျိုးရကြောင်း မြေခံအဖြစ် သဘာဝမြေဩဇာနွားချေးများ ထည့်သွင်းကာ မြေပြင်ပြီး အစိုဓာတ် မပြတ်ရေသွင်းပေးပါက အပင်များပိုမိုဖြစ်ထွန်းကြောင်း ရန်ပုံနှစ် ကျေးရွာမှကန်စွန်းစိုက် တောင်သူ ဦးမြင့်မောင် က ပြောပြသည်။
ကန်စွန်းပင်များသည် စိုက်ပျိုးပြီးရက်ပေါင်း(၄၀)ကျော်တွင် စတင်ရောင်းချနိုင်ကြောင်း၊ ရောင်းချရာ တွင် ကန်စွန်းအညွှန့်သန်မာမှုအပေါ်မူတည်ပြီး အညွှန့်(၅) ညွှန့်မှ(၈)ညွှန့်အထိ အစည်းများစည်းပြီး ရောင်းချကြောင်း ကုန်ကျစရိတ်အနေဖြင့် ကန်စွန်းတစ်(၁)ဧကတွင် မြေအမျိုးအစားအပေါ်မူတည်၍ ငွေကျပ်(၁) သိန်းခွဲမှ ငွေကျပ်(၂)သိန်း ကုန်ကျစရိတ်ရှိကြောင်း ကန်စွန်းပင်များသည် နေစဉ်ခူးဆွတ် ရောင်းချရသဖြင့် တောင်သူများ အနေဖြင့် စိုက်ပျိုးသင့်သော သီးနှံ တစ်မျိုးဖြစ်ကြောင်း သိရှိရသည်။
သက်မောင်