မန္တလေး မတ် ၁၁
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ကြီးတံခွန်မြို့နယ် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေး ရေးဦးစီးဌာန တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက်(၉) နာရီ ကကျင်းပသည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်လှလေးနွယ်က ကလေးများအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမည့် အလုပ်များအကြောင်း၊ ကလေးများလုပ်သော အလုပ်နှင့် ကလေးသူငယ်အခွင့်အရေး၊ လုပ်ငန်းရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊
လုပ်ငန်းရှင်များအနေဖြင့် ကလေးများကိုကာကွယ်စောင့်ရှောက်ရန် နည်းလမ်းများ၊ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံ ရေး ဆိုင်ရာဖွံ့ဖြိုးမှု အကြောင်း များကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
မန္တလေး(ပြန်/ဆက်)