ရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင်ရာ ခရိုင်ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရမည်းသင်း    မတ်    ၁၁

မန္တလေးတိုင်းဒေသကြီးရမည်းသင်းခရိုင်လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမ၌ ယနေ့ နံနက်(၉)နာရီက ကလေး သူငယ်အလုပ်သမားပပျောက်ရေး ဆိုင်ရာခရိုင်ကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင်ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးဦးမြင့်ထွန်းက အဖွင့်အမှာ စကား ပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးနှင့် ကျောင်းပညာရေးဆုံးရှုံးမှုမရှိ‌စေရန်ကော်မတီဝင်များက ဝိုင်းဝန်းပူးပေါင်း ကူညီလုပ်ဆောင်ရန်၊ ကလေးသူငယ်များပြစ်မှုကျူးလွန်ခြင်းမရှိစေရေးပညာပေးဆွေးနွေးပွဲများ၊အသိပညာပေးဟောပြောပွဲများ ပြုလုပ်သွားကြရန် လိုအပ်ကြောင်းရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ကလေးအလုပ်သမားပပျောက်ရေးနှင့် ကလေးအလုပ်သမားမရှိစေရေး ကလေးသူငယ်များ၏ အခွင့်အရေးနှင့် ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်အတွက် မိမိတို့ဌာနအနေဖြင့် ဝိုင်းဝန်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင် ဦးစီးမှူး ဒေါ်ဆွေဆွေဝင်းက ကလေးသူငယ်အလုပ်  သမားပပျောက်ရေး ကော်မတီ(၈)ခုကို ရှင်းလင်း ပြောကြားရာတက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးက ကော်မတီအဖွဲ့ဝင်များကလေးသူငယ်အလုပ်သမားပပျောက် ရေးကိုအလေးထားကာ လုပ်ဆောင်ရန်နှင့် ကော်မတီအဖွဲ့ဝင်များပေါင်းစပ်ဖြေရှင်းကာဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်ကြစေရေး နိဂုံးချုပ်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)