ကျောက်ပန်းတောင်း မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို၊ အဋ္ဌမအသုတ်အထိ ဆောင်ရွက်ပေးလျက်ရှိရာ၊ ယနေ့ နံနက်(၈)နာရီမှ စတင်၍ မြို့ပေါ်သို့လာရောက် ကြမည့်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးကြောင်း QR Code စစ်ဆေးခြင်းများကို၊ မြို့အဝင်သတ်မှတ် နေရာများတွင် ဆောင်ရွက်လျက်ရှိပြီး၊ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကိုလည်း ရပ်ကွက်/ကျေး ရွာများအလိုက် စုရပ်ဖွင့်လှစ် ထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ၊ ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ဆေး အဋ္ဌမအသုတ်(ပထမအကြိမ်) ထိုးနှံမှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ဆေးအကြိမ်ပြည့်ထိုးနှံပြီးစီးသူများ အတွက် အသိအမှတ်ပြု QR Code များကိုလည်း သက်ဆိုက်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ထုတ်ပေးလျက်ရှိကြောင်း သိရ သည်။ မြို့နယ်အတွင်း ရောဂါကူးစက်မှုလျှော့ကျစေရန်နှင့်ကြိုတင်ကာကွယ်မှုလုပ်ငန်းများ ထိထိရောက်ရောက်ဖြစ်စေရန် အတွက်၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီး ဖြစ်စေရန်ရည်ရွယ်၍ မြို့ အဝင်/အထွက်နေရာများတွင် ဆေးထိုး ပြီးစီးကြောင်း QR Code စစ်ဆေးခြင်းများကို၊ ဌာနဆိုင်ရာ၊ မီးသတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စသည့် အဖွဲ့ပေါင်းစုံဖြင့် ဆောင်ရွက်လျှက်ရှိပြီး၊ ဆေးထိုးလုပ်ငန်းများကိုလည်း အဖွဲ့(၇)ဖွဲ့ခွဲ၍ ရပ်ကွက်/ ကျေးရွာ ဆေးထိုးစုရပ် များအထိ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ဆေးထိုးစုရပ်များနှင့် QR Code စစ်ဆေးသည့် မြို့အဝင်/အထွက်နေရာများသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် တာဝန်ရှိသူများ လှည့်လည်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)