ဒက္ခိဏသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာ ပေးနှိုးဆော်

ဒက္ခိဏသီရိ မတ် ၁၁

ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် နေပြည်တော်လူမှုဝန်ထမ်းဦးစီးမှ ဝန်ထမ်းများပူပေါင်းပြီး ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာအချက်များကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်​ခြင်းများ ဆောင်ရွက်ခဲ့​သည်။

အဆိုပါ အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် ကူးစက်ပျံ့နှံမှုမှာ များပြားလာပြီဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များဖြစ်သည့် မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ကြဉ်ကြရန်၊ မလိုအပ်ပဲအပြင်သို့ သွားလာခြင်းမပြုရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေရန်နှင့် ကိုဗစ်-၁၉ မျိုးကွဲသစ် (အိုမီခရွန်) ကူးစက်မှုမဖြစ်ပွားစေရေးအတွက် တက်နိုင်သမျှအိမ်ထဲမှာနေ၍ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများလိုက်နာကြရန် ၊ မိမိတွင် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်နှင့် ပြည်သူ များ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို လည်း အကြိမ်ရေပြည့်စွာ မပျက်မကွက် ထိုးနှံကြပါရန် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)