မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး Mobile Team ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

မလှိုင်   မတ်   ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ဖြစ်သော “လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရော ဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက် ရောက် ဆက်လက်ဆောင်ရွက်သွားမည်” ချမှတ်ထားသည့် အတိုင်း မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေး Mobile Team(၃)ဖွဲ့ဖြင့် ယနေ့ နံနက် (၆)နာရီမှ စတင်၍ မြေပြင်ကွင်းဆင်း ထိုးနှံပေးခဲ့သည်။

အဆိုပါနေ့က အဖွဲ့(၁)အဖြစ် မိတ္ထီလာ-မြင်းခြံလမ်းမကြီး၊ အဖွဲ့(၂)အဖြစ် မလှိုင်-ကျောက်တန်း-ဆည်တို လမ်းမကြီး၊ အဖွဲ့(၃) အနေဖြင့် မလှိုင်-နှောကန် လမ်းမကြီးပေါ်များတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများအဖွဲ့များစုဖွဲ့၍ ခရီးသွားမိဘပြည်သူတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး/မပြီး စစ်ဆေးမေးမြန်းပြီး အသက်(၁၈)နှစ်ပြည့်ပြီး ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရ သေးသူများကို  အဆိုပါနေရာများ၌ ချက်ချင်း ထိုးနှံပေးခဲ့သည်။ Mobile Team အဖွဲ့(၁)တွင် (၈၈) ဦး၊ အဖွဲ့(၂)တွင် (၁၄၃)ဦး၊ အဖွဲ့(၃)တွင် (၁၁၀)ဦး၊ စုစုပေါင်း (၃၄၁)ဦးတို့အား Covidshield အမျိုးအစား ကာကွယ်ဆေး ထိုးနှံနိုင်ခဲ့သည်။  ဆက်လက်၍ စုရပ်(၅)နေရာတွင် ပထမအကြိမ် (၈၃၆)ဦး၊ ဒုတိယ အကြိမ် (၇၁၈)ဦးတို့အား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့သည်။

မလှိုင်မြို့နယ်အနေဖြင့် အသက်(၁၈)နှစ်ပြည့်ပြီး အကျုံးဝင်သူဦးရေ(၁၂၆၃၆၅)ဦး ရည်မှန်းထားရှိရာ ယနေ့အထိ ပထမအကြိမ် (၇၆၃၁၄)ဦး၊ ဒုတိယအကြိမ်(၆၆၂၅၀)ဦး ထိုးနှံနိုင်ခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)